သတင်းတိုများ
- ဇွန် 2014 10 ပုဒ်
- အောက်တိုဘာ 2012 8 ပုဒ်
- စက်တင်ဘာ 2012 19 ပုဒ်
- ဩဂုတ် 2012 15 ပုဒ်
သတင်းဆောင်းပါးများ သတင်းတိုများ
“စပိန်ကို ဆုံးဖြတ်ခွင့် ပေးလိုက်ပါ”
အစ္စဘယ်အွန်က သူ့ဘလော့(ဂ်)ဖြစ်သော ဆွန်ရိဆာ အီ အက်စပါ့(စ်) [အပြုံးများနှင့် ဓားများပေါ်]တွင် စပိန်ဘုရင် ဝမ် ကားလို့(စ်) နန်းစွန့်မှုကို ရေးသား [es] ခဲ့သည်မှာ
ahora que se abre un debate de “Monarquía vs República”, “Felipe sí, Felipe no”, “Referéndum sí o no”, todos pongamos de nuestra parte y apliquemos una de las máximas que tuvieron Juan Carlos y Adolfo Suárez: todos entran, incluso los que piensan diferente a nosotros, dejemos que España sea la que luego decida.
[…] အခုက “ဘုရင်စနစ်နဲ့ သမ္မတစနစ်”အကြောင်း စကားရည်လုတာက စပြီ၊ “ဖီလီပီ မှန်တယ်၊ ဖီလီပီ မှားတယ်”၊ “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်မလား မလုပ်ဘူးလား”ဆိုတာတွေအတွက် ကျွန်မတို့တွေ ၁၀၀ရာနှုန်း အားထုတ်ပြီး ဝမ်ကားလို့(စ်)နဲ့ [လတ်လတလော ကွယ်လွန်သွားသော သမ္မတဟောင်း] အာဒေါ(လ်)ဖို ဆွာရက်(ဇ်)ရဲ့ ဆောင်ပုဒ်တွေထဲက တစ်ခုကို သုံးကြရအောင်ပါ၊ လူတိုင်းပါတယ်၊ သူများနဲ့မတူအောင် တွေးတဲ့သူတွေလည်း ပါမယ်၊ စပိန်ကို ဆုံးဖြတ်ခွင့်ရှိသူတွေ ကြိုက်သလိုဖြစ်ခွင့် ပေးလိုက်ပါ။
သမိုင်းဦးမတင်မီခေတ်က ရုပ်ကြွင်းများ ချီလီတွင်တွေ့ရှိ
အစ်(ခ်)သီအိုဆော (ရေနေတွားသွားသတ္တဝါကြီးတစ်မျိုး) ၄၆ကောင်၏ ရုပ်ကြွင်းများသည် ၂၁ရာစုမတိုင်မီအထိ နှစ်သန်းပေါင်းများစွာ တိပ်မြုပ်နေခဲ့သည်မှာ ရုပ်ကြွင်းလေ့လာသူတစ်စုက ချီလီတောင်ပိုင်းရှိ တောရက်(စ်) ဒေး(လ်) ပိုင်နယ် အမျိုးသားဥယျာဉ်တွင် ၄င်းတို့အား ရှာဖွေတွေ့ရှိခြင်းမပြုမီအထိ ဖြစ်သည်။
#Adictos_a_lo_Jordan Descubren en Chile cementerio de ictiosaurios: El proyecto comenzó con la … http://t.co/KDvFkJPADB [ #Luispokel ]
— POoiint BeeSa BuenO (@MOreniitO_POiNT) Mayo 31, 2014
ချီလီတွင် အစ်(ခ်)သီအိုဆော သင်္ချိုင်းတစ်ခုအား တွေ့ရှိခဲ့သည်။ ထိုစီမံကိန်း စတင်ခဲ့ပုံမှာ
Hallan en Chile un cementerio único de ictiosaurios http://t.co/x4nzZXgl1V /QUE VERGUENZA que nos enteremos de esto por medios extrajeros
— Rodrigo Gourdet (@rgourdet) junio 4, 2014
ချီလီတွင် အစ်(ခ်)သီအိုဆော သင်္ချိုင်းတစ်ခုအား တစုတစည်းတည်း တွေ့ရှိခဲ့သည်။ နိုင်ံငံရပ်ခြား မီဒီယာများပေါ်တွင် ရှာဖွေခဲ့ရသည်မှာ ရှက်ဖွယ်အတိပင်။
မော်(လ်)ဒိုက်(ဗ်)မှ လိင်တူချစ်သူ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့သူသည် ပြန်အလာတွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရခြင်း
ရှရီးယားဥပဒေအရ လိင်တူချင်း ချစ်ကြိုက်ခြင်း၊ ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် လက်မထပ်ဘဲ အတူနေခြင်းအားလုံးသည် မော်(လ်)ဒိုက်(ဗ်)တွင် တရားမဝင်ပေ။ လိင်တူချစ်သူများအား ဖမ်းဆီးဖိနှိပ်သည့် အမှုများလည်း များစွာရှိခဲ့သည်။
သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မူအက်(ဇ်)က ဘာသာရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရဖြစ်စေ နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မော်(လ်)ဒိုက်(ဗ်)လူမျိုးများသည် ပြန်လာခဲ့လျှင် ဖမ်းဆီးဖိနှပ်ခြင်း ခံရမည်မှာ သေချာကြောင်းကို လတ်တလော ပြောဆိုထားသည်။ ထိုမှတ်ချက်သည် နယူးဇီလန်နိုင်ငံရှိ နိုင်ငံရေးခိုလှုံခွင့်ရသူ လိင်တူချစ်သူ မော်(လ်)ဒိုက်(ဗ်)လူမျိုးတစ်ဦးဖြစ်သည့် အီဘရာဟင် နိမ်းက ဆုရမိန်းမလျာဖြစ်လာပြီးနောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
မော်(လ်)ဒိုက်(ဗ်)ရှိ တကာဥပါ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သည့် ဟီလတ်(သ်)သည် ၄င်း၏ လိင်တိမ်းညွတ်မှုအား ပွင့်လင်းစွာပြောဆိုခြင်းကြောင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် သီရိလင်္ကာတွင် တိမ်းရှောင် နေထိုင်လျက်ရှိသည်။ ၄င်းက မော်(လ်)ဒိုက်(ဗ်)ရှိ ရှေးရိုးမီဒီယာများသည် ပြည်ပတွင် တိမ်းရှောင်နေသူ အီဘရာဟင် နိမ်းအား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နိုင်ရန် အစ္စလာမ်ကြောက်ရောဂါရှိသူတစ်ဦးအဖြစ် ပုံဖော်နေကြကြောင်းကို ၄င်း၏ဘလော့(ဂ်)မှတစ်ဆင့် အသိပေးခဲ့သည်။
တက္ကသိုလ်ကျောင်းသားတစ်ဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မည့် မှတ်စုတစ်ခု ဖေ့စ်ဘုတ်ခ်တွင်တင်၊ သူငယ်ချင်းများက အချိန်မီ မကယ်ဆယ်နိုင်ခဲ့
မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုသည် ဘင်္ဂလားဒေ့ရှ်တွင် ကာလရှည်ကြာရှိခဲ့သော လူမှုပြသနာတစ်ခု ဖြစ်ကာ ကမ္ဘာတစ်ဝှမ်းမှ တင်ပြချက်များအရ နှစ်စဉ်သေဆုံးမှု၏ ၂.၀၆ ရာခိုင်နှုန်းရှိသည်။
ဒါကာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ မာဘဘ်ရှဟာန်းက မိမိကိုယ်ကို သေကြောင်းကြံစည်မည့်ပို့စ်တစ်ခုကို ၂၀၁၄ ဇွန်လ ၂ ရက်၊ ည ၇ နာရီ ၈ မိနစ်တွင်တင်ခဲ့သည်။ သူရေးခဲ့သည်မှာ -
I am lying on Rail Line. The Train is coming. And I am going to kick out bloody myself, the useless eater.
Once I've posted a comment “I should leave” then after I posted “I have to leave”. Some of you asked me- “From where & where will you go?”
I don't know where I am going. But I am leaving. Leaving useless myself forever.
Good bye, good bye forever.
ငါရထားသံလမ်းပေါ်မှာလှဲနေတယ်။ ရထားလာနေပြီ။ ဆန်ကုန်မြေလေးငါ့ကိုယ်ငါ အဆုံးသတ်လိုက်တော့မယ်။
တစ်ခါကမှတ်ချက်တင်ခဲ့ဖူးတယ် “ငါသွားသင့်ပြီ” … လို့။ အဲဒါပြီးတော့ “ငါသွားကိုသွားရတော့မယ်”လို့ ထပ်တင်ခဲ့သေးတယ်။
မင်းတို့တွေကတော့မေးခဲ့ပါတယ် “ဘယ်ကနေ ဘယ်ကိုသွားမှာလဲ” ဆိုပြီးတော့။
ငါဘယ်သွားနေလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် ငါထွက်သွားတော့မယ်။ သုံးစားလို့မရတဲ့ငါ့ကိုယ်ငါဆီက ထာဝရ ထွက်သွားပြီ။
တာ့တာ။ ထာဝရအတွက် တာ့တာ။
အထက်ပါပိုစ့်တွင် မှတ်ချက်ပေးထားသည်များမှ တွေ့ရသည်မှာ ၄င်း၏သူငယ်ချင်းများသည် ညနေရထားနှင့် ဒါကာမြို့တော်ထံ လာမည်ဖြစ်သော ရှာဟာန်း ရှိနေမည့်နေရာအား သိနိုင်ရန် ကြိုးစားခဲ့ကြသည်။ ၄င်း၏ လက်ကိုင်ဖုန်းအား ခေါ်ဆို၍မရနိုင်ခဲ့သည့်အတွက် မိသားစုနှင့် ရဲထံ အကြောင်းကြားရန် ကြိုးစားသော်လည်း မည်သို့ဆက်သွယ်ရမှန်းမသိဖြစ်ခဲ့ကြသည်။ နာရီအနည်းငယ်ကြာပြီးသည့်နောက်တွင်မူ ၄င်း၏အလောင်းကို ကမ်မလာပါး ဘူတာရုံအနီးတွင်တွေ့ရှိသည်ဟု လူတစ်ယောက်က အတည်ပြုပြောကြားခဲ့သည်။
ဤအဖြစ်အပျက်က ထိုးပြနေသည်မှာ ရှာဟာန်းကဲ့သို့လူများအား ကယ်တင်ရန် ဘင်္ဂလားဒေ့ရှ်တွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုအား ထိရောက်စွာ တားဆီးပေးမည့် အရေးပေါ်ဖုန်းလိုင်း အလွန်အမင်းလိုအပ်နေပြီဆိုသော အချက်ပင်ဖြစ်သည်။
တရုတ်၊ ကီးဘုတ် စူပါမင်းနှင့် အဲန်ဂရီး လူငယ်များ ၂.၀
အွန်လိုင်းတွင် ပြစ်တင်ရှုံ့ချသည့် အကြိမ်ပေါင်းများစွားရှိခဲ့သော်လည်း တရုတ်ပြည်ရှိ ဘေးထိုင်သူများသည် အဘယ်ကြောင့် ထူးခြားလာခြင်းမရှိသည်ကို OffbeatChina က မေးခွန်းထုတ်ခဲ့သည်။ အဖြေရှာရန်အတွက် ထိုဘလော့(ဂ်)ရေးသူသည် ကီးဘုတ်စူပါမင်းနှင့် အဲန်ဂရီး လူငယ် ၂.၀တို့၏ လက္ခဏာများကို လေ့လာခဲ့သည်။
မော်(လ်)ဒိုက်၊ ဥပဒေပြုသူ လုပ်ကြံခံရ
ဘက်(ဂ်)ဂီးက မော်(လ်)ဒိုက်အစိုးရ ညီညွတ်မှုအတွက် ဥပဒေပြုသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ အက်ဖရာအရှီး(မ်)ကို သူ့အိမ်အပြင်ဘက်မှာ သေဆုံးနေတာကို တွေ့ရတဲ့အကြောင်းကို ဓာတ်ပုံဇာတ်လမ်းတစ်ခု ရေးသားထားပါတယ်။
ဂျမေကာ၊ လူနည်းစုက ဘယ်သူတွေလဲ
ဂျမေကာမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရင်နာစရာ ယုတ္တိမရှိတဲ့အဖြစ်အပျက်ကတော့ လူနည်းစုအမြောက်အများက နေရာတော်တော်များများက လူမှုပတ်ဝန်းကျင်တွေမှာ လူများစုကို ဗိုလ်ကျအနိုင်ကျင့်နေတဲ့ ကိစ္စပါပဲ။
ကာရိုလင်း ကူပါးက ဂျမေကာက တိုင်းရင်းသားပေါင်းစုံ စီမံကိုင်ကွယ်ရေးနဲ့ ပတ်သက်တဲ့ သူ့ကော်လံဆောင်းပါးကို တုံ့ပြန်ချက်တွေအပေါ် ပြန်ပြောဆိုလိုက်တာပါ။
တရုတ်၊ မိုယန်းက တရုတ်အစိုးရရဲ့ ရုပ်သေးရုပ်လား
မိုက လျိုရှောင်ပို ဒါမှမဟုတ် ဗာကလဗ် ဟေဗယ်(လ်)တို့ရဲ့ ပုံစံကနေ ကွဲထွက်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူရဲ့အလုပ်တွေက အာဏာနဲ့ အုပ်စိုးမှုပိုင်ရဲ့ အကျင့်ပျက်မှုတွေ၊ ရက်စက်မှုတွေနဲ့ မိုက်မဲမှုတွေကိုပဲ ထင်ဟပ်ပြထားတယ်။
Rectified.nameက ဘရန်ဒန် အိုကိန်းက ၂၀၁၂ စာပေနိုဘယ်(လ်)ဆုရတဲ့ မိုယန်းက ဘာဖြစ်လို့ တရုတ်အစိုးရရဲ့ ရုပ်သေးမဟုတ်နိုင်ကြောင်းကို ရှင်းပြထားတာပါ။
တရုတ်၊ ဒေသဖြတ်ကျော် ဆင်ဆာ စည်းမျဉ်းအသစ်
တို့ဟူးဝန်ကြီးဌာန (ဝက်(ဘ်)ဆိုက်)က ကျင်းကောင်က ဖူကျန့်အစိုးရအရာရှိ လာဘ်စားတာကို ဖော်ပြတဲ့ သတင်းဆောင်းပါတစ်ခု ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့အတွက် ဖူကျန့်အစိုးရက သူ့ရဲ့မသန့်ရှင်းတဲ့လက်တွေကို ယူနန်အစိုးရဆီ လက်ဆင့်ကမ်းလိုက်ပုံကို ရှင်းပြ[en]ထားပါတယ်။
ဟောင်ကောင်မှ ကိုယ်တိုင်ဆင်ဆာဖြတ်မှု
ကျုံးနန်ဟိုင်က အာရှအမေရိကန် ဂျာနယ်လစ်အဖွဲ့အစည်းရဲ့ စကားဝိုင်းဆွေးနွေးပွဲက ဟောင်ကောင်မှာရှိတဲ့ ကိုယ်တိုင်ဆင်ဆာဖြတ်မှုနဲ့ပတ်သက်တဲ့အခြေအနေကို ဖော်ပြခဲ့ပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ဟောင်ကောင်မီဒီယာဂေဟဗေဒက “ပြည်မအတွေးအခေါ်သွတ်သွင်းမှုပြုခြင်း”ပဲ ဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်ပြီး လာမယ့် ဥပဒေပြုရေးကောင်စီရွေးကောက်ပွဲအတွက် ရွေးကောက်ခံအမတ်လောင်းတစ်ဦးဖြစ်တဲ့ ကလောဒီယာမိုက တင်ပြရှင်းလင်းခဲ့တာပါ။
ပညာရေးတွင် သင်္ချာ၏ အရေးပါမှု
Chlewey ဘလော့(ဂ်)မှ ကားလို့(စ်) သော(ပ်)ဆန်က နိုင်ငံတကာ ပညာရေး အရည်အသွေး စစ်ဆေးမှု [es] တွင် အဆင့်နိမ့်ခဲ့သည်နှင့် ဆက်စပ်၍ ကိုလမ်ဘီယာတွင် သင်္ချာပညာသင်ကြားရန် အရေးပါပုံကို ရေးသားခဲ့ [es]သည်မှာ
Las matemáticas dan mucho más que la capacidad de contar las vueltas en una tienda; o las destrezas específicas para entrar a una facultad de ingeniería. Las matemáticas generan una estructura mental que benefician también al médico, al comunicador social o al sociólogo, no específicamente para tener éxito en su profesión sino cómo ciudadano en una democracia y como una persona que influye en una sociedad.
စတိုးဆိုင်တွေမှာ ပြန်အမ်းငွေကို ရေတွက်နိုင်ဖို့ ဒါမှမဟုတ် အင်ဂျင်နီယာကျောင်းကို ဝင်ခွင့်ရဖို့ တချို့အရည်အချင်းတွေရှိဖို့ဆိုတာထက် အများကြီးပိုပြီး သင်္ချာပညာက ပေးနိုင်ပါတယ်။ သင်္ချာပညာက ခွဲစိတ်ဆရာဝန်တွေ၊ လှုမှုဆက်ဆံရေးဆက်သွယ်သူတွေနဲ့ လူမှုဗေဒလေ့လာသူတွေအတွက် အကျိုးရှိစေမယ့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကို ထုတ်ပေးနိုင်တယ်။ သူတို့တွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်မှာ အောင်မြင်ဖို့သက်သက်တင်မဟုတ်ဘဲ ဒီမိုကရေစီစနစ်က နိုင်ငံသားတွေအဖြစ်နဲ့ လူမှုအသိုင်းအဝိုင်းကို လွှမ်းမိုးမှုရှိနိုင်မယ့် ပုဂ္ဂိုလ်တွေအဖြစ်ပါပေါ့။
တရုတ်၊ ဝီကီလိ(ခ်) ကြိုးများမှတစ်ဆင့် ထုတ်ဖော်လိုက်သော ထျဲန်းအန်းမန် အကြမ်းဖက်ဖြေရှင်းမှု မှတ်တမ်းစဉ်
အရှေ့မြောက် နဂိုတက္ကသိုလ်ရှိ အချက်အလက်သတင်းအတန်းမှ ကျောင်းသားများသည် ထျဲန်းအန်းမန် ရင်ပြင်တွင် ၁၉၈၉က ဆန္ဒထုတ်ဖော်မှုများကို ရည်ညွှန်းရန် ဝီကီလိ(ခ်)ကို ရှာဖွေခဲ့ကြပြီး သံတမန်ကြိုးများကို ၁၉၈၉ ဧပြီ ၁၉မှစ၍ ၁၉၉၀ မတ် ၂၆အထိ ဆန္ဒပြမှုများကို မှတ်တမ်းစင်တစ်ခုအဖြစ် စုစည်းခဲ့ကြသည်။
ဆူရီနိမ်း၊ စိတ်အင်အား၏ မျက်နှာများ
ပြပွဲတွေမှာ ကိုယ့်ကိုယ်ကိုယ် အမြဲမေးလေ့ရှိတယ်။ နေရာ ဒါမှမဟုတ် ပတ်ဝန်းကျင်က ကိုယ့်ရဲ့ သိမှတ်သညာကို ဘယ်အတိုင်းအတာအထိ လွှမ်းမိုးနိုင်လဲဆိုပြီးတော့ပေါ့။
ဆရာနန်အနုပညာ ဘလော့(ဂ်)သည် အနုပညာပြပွဲတစ်ခုဖြစ်သည့် “ကိုးကွယ်ယုံကြည်မှု၊ အလေ့အထများနှင့် သေခြင်းတရားနှင့် ပတ်သက်သော”ကို တက်ရောက်ခဲ့သည်။
ဂျမေကာ၊ သိပ္ပံ မိန်းကလေးများ
သခွားသီးဖျော်ရည် (ဟုခေါ်သည့် ဘလော့(ဂ်))မှ ဘလော့(ဂ်)ရေးသူ မိန်းကလေး)က သူ့အထက်တန်းကျောင်းဟောင်းမှ သိပ္ပံဓာတ်ခွဲခန်းအား အဆင့်မြှင့်တင်ရန်အတွက် ငွေကြေးရှာဖွေရန် အဘယ်ကြောင့် အရေးကြီးကြောင်းကို ရှင်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူ့ကိုယ်သူယုံကြည်မှုရှိစေရန် လေ့လာခဲ့သော နေရာကြောင့်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှန်စင်စစ် လေ့လာသင်ယူခြင်းသည် ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “မိန်းကလေးများသည်လည်း သိပ္ပံပညာရှင်များဖြစ်နိုင်ကြောင်းကို နားလည်ရန်” လိုအပ်သောကြောင့်ဖြစ်သည်။
တရုတ်ပြည်တွင် အစိုးရ ဗျူရိုကရက်တစ်ဦး ဖြစ်လိုလျှင်
ဂွမ်ဒေါင်ရှိ မြို့တစ်မြို့ဖြစ်သော ဖိုရှမ်းတွင် အစိုးရ၏ နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုဌာနအတွက် အလုပ်လုပ်ရန် နိုင်ငံခြားသာလေးဦးအား လတ်တလောခန့်ထားလိုက်သည်။ ထိုပြည်တွင်းသတင်းအား nanfang.com မှာ ချာလီလျိုက စုစည်းတင်ဆက်ထားသည်။
ဘိုလီးဗီးယား နိုင်ငံရေးသမားများ “ဂန်းနန်းစတိုင်(လ်)” ဖြစ်လာခြင်း

“အီဗို မိုရေး(လ်)(စ်) ဂန်းနန်းစတိုင်(လ်)ကနေပုံ” ဗီဒီယိုမှ မြင်ကွင်းတစ်ခု (အောက်တိုဘာ ၂၀၁၂)။ ဗီဒီယို – ယူကျူ့မှ kwonbanya
“ဂန်းနန်းစတိုင်(လ်)” ရုပ်ပြောင်ဟာသတွေက ဘိုလီးဗီးယား နိုင်ငံရေးသမားတွေဆီ ရောက်လာပါပြီ။ ဒီအပတ်အစောပိုင်တုန်းက ဘိုလီးဗီးယား ယူကျူ့သုံးသူတစ်ဦးဖြစ်တဲ့ KwonBanYaက ကိုးရီးယားရက်(ပ်)သီချင်း ရယ်စရာပုံစံကို ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို အထူးပြုထားပြီး တင်ခဲ့တာပါ။
(more…)
ဟောင်ကောင်၊ ခွေးများနဲ့ နှံကောင်များ တိုက်ခိုက်မှု
ဟောင်ကောင်လူမျိုးတချို့က တရုတ်ပြည်မကလူတွေကို နှံကောင်လို့ တံဆိပ်ကပ်တာကို တုံ့ပြန်တဲ့အနေနဲ့ ဟောင်ကောင်မှာရှိတဲ့ တရုတ်ပြည်မက ကျောင်းသားတစ်ယောက်က ဟောင်ကောင်နေဒေသခံတွေကို “ခွေးတွေ”လို့ ခေါ်လိုက်ပါတယ်။ နိုင်ငံရေးအရမမှန်ကန်တဲ့ ဟောင်ကောင်ကန်တုံ အဘိဓာန်ဆိုတဲ့ ဝက်ဘ်ဆိုက်က ဒီအငြင်းပွားမှုကို ဘာသာပြန်ထား[en]ပါတယ်။
ဂါနာ၊ အမျိုးသမီးများ ဘဝမြှင့်တင်ရေးအတွက် အတားအဆီးများ
ဂါနာတရားရေးဝန်ကြီးဌာနဝန်ကြီးနဲ့ တရားသူကြီးချုပ်တစ်ယောက်ဖြစ်တဲ့ ဘယ်တီ မိုး(လ်)(ဒ်) အစ်ဒရီစုက pambazuka.orgမှာ ရေးထား[fr]တာကတော့
အထက်အလွှာကို ရောက်သွားတယ်ဆိုတာ ရှားပါတယ်၊ ပြီးတော့ ရောက်သွားပြီဆိုရင်တောင်၊ ရန်လိုတာတွေနဲ့ ကိုယ့်အရည်အချင်းပေါ် သံသယဖြစ်ခံရတာတွေနဲ့ ရင်ဆိုင်ရဦးမယ်၊ ကိုယ်ဟာ မိန်းမတစ်ယောက်ဖြစ်နေလို့။ အထက်ပိုင်းက မိန်းမတစ်ယောက်က သူ့ကျွမ်းကျင်မှုကို သက်သေပြဖို့ ယောက်ျားတွေထက် ပိုအလုပ်လုပ်တယ်၊ ဒါပေမဲ့လည်း ယောက်ျားတွေချည်းပဲ လွှမ်းမိုးနေတဲ့ အလုပ်ပတ်ဝန်းကျင်မှာ မန်နေဂျာလို ခေါင်းဆောင်လိုရာထူးတွေမှာ (မိန်းမတွေက) ဘက်လိုက်ယူဆခံရတာတွေနဲ့ ရန်လိုမှုတွေကိုတော့ ရင်ဆိုင်ရတာပဲ။
ကမ္ဘောဒီးယား၊ ကောက်ကျစ်သော ခမာအာဏာရှင်လက်အောက်မှ ဘဝ
ကျွန်တော်က ၁၉၇၇ခုနှစ်မှာ မွေးတာ။ အမေကပြောဖူးတယ်၊ ကျွန်တော့်အတွက် အစားအစာရှာရဖွေရတာ အရမ်းဒုက္ခရောက်တယ်ဆိုပြီးတော့။ သူတို့တွေက လူတွေကို လယ်ကွင်းတွေထဲမှာ အလုပ်လုပ်ဖို့ အတင်းခိုင်းပြီး ဆန်ပြုတ်တစ်ပန်းကန်ကလွဲပြီး တခြားဘာမှ စားခွင့်မပေးဘူးလေ။ ပို(လ်)ပေါ့ရဲ့ လက်ထက်ပေါ့။
ဂျပန်၊ ဖူကူရှီးမားမှ အမျိုးသမီးများက အဏုမြူစွမ်းအင် ဆန့်ကျင်ရေးအတွက် စုရုံး
၂၀၁၂ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့က ပြုလုပ်တဲ့ ဖူကူရှီးမားအမျိုးသမီး တွေ့ဆုံပွဲတစ်ခုမှာ အဏုမြူစွမ်းအင်နဲ့ပတ်သက်တဲ့ ဂျပန်ရဲ့ ပေါ်လစီကို ပြောင်းလဲဖို့အတွက် စုစည်းတဲ့အဖွဲ့ကို မဲပေးဖို့[ja]အတွက် ကုလသမဂ္ဂဝန်ထမ်းဟောင်း ခါအိုရီ အီဇုမိက တောင်းဆိုလိုက်ပါတယ်။
(more…)