သတင်းဆောင်းပါးများ ဂီတ from စက်တင်ဘာ, 2012
တောင်ကိုရီးယား၊ အငြင်းပွားဖွယ် အွန်လိုင်းတေးဂီတဗီဒီယို သတ်မှတ်ချက်စနစ် စတင်
တောင်ကိုးရီးယား အာဏာပိုင်များက အွန်လိုင်းပေါ်တင်တဲ့ ဂီတဗီဒီယိုတွေအတွက် အဆင့်သတ်မှတ်ချက် စနစ်အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီဥပဒေအသစ်က ဂီတဗီဒီယိုတိုင်း (ဒါမှမဟုတ် အရောင်းမြှင့်တင်ရေး ဗီဒီယိုတိုင်း)နဲ့ ရုပ်ရှင်ထွေလာတွေကိုတောင် မတင်ခင် အဆင့်သတ်မှတ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ်နှစ်နှစ် ဒါမှမဟုတ် အတော်ကြီးတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရနိုင်ပါတယ်။