သတင်းဆောင်းပါးများ စိတ်ကူးစိတ်သန်းများ from အောက်တိုဘာ, 2012
ဂျပန်၊ ဂျပန်-ကိုးရီးယား အနာဂတ်ဆက်ဆံရေးကို အခမဲ့ပွေ့ဖက်ခြင်းများဖြင့် ပုံဖော်ကြည့်ခြင်း
ကိုရီးယားမှာ ဂျပန်လူငယ်တစ်ဦးက ရိုက်ခဲ့တဲ့ "အခမဲ့ပွေ့ဖက်ခြင်း" ဗီဒီယိုတစ်ခုက ဒီနွေရာသီမှာ စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ ဖန်တီးတဲ့လူရဲ့ ရည်ရွယ်ရင်းကတော့ "ဂျပန်နဲ့ တောင်ကိုရီးယားအတွက် အနာဂတ်မျှော်လင့်ချက်ရှိတယ်ဆိုတာ သက်သေထူဖို့"ပဲ ဖြစ်ပါတယ်။ နေ့တိုင်း သတင်းဌာနတွေက တင်ပြနေတဲ့ နိုင်ငံနှစ်ခုကြားက ဆိုးရွားလာနေတဲ့ နိုင်ငံတကာ ဆက်ဆံရေးက နောက်ပိုင်းမှာ ငြင်းခုန်စရာဖြစ်လာနေပါတယ်။