သတင်းဆောင်းပါးများ လူ့အခွင့်အရေး from ဇွန်, 2014
တရုတ်၊ ဝီကီလိ(ခ်) ကြိုးများမှတစ်ဆင့် ထုတ်ဖော်လိုက်သော ထျဲန်းအန်းမန် အကြမ်းဖက်ဖြေရှင်းမှု မှတ်တမ်းစဉ်
အရှေ့မြောက် နဂိုတက္ကသိုလ်ရှိ အချက်အလက်သတင်းအတန်းမှ ကျောင်းသားများသည် ထျဲန်းအန်းမန် ရင်ပြင်တွင် ၁၉၈၉က ဆန္ဒထုတ်ဖော်မှုများကို ရည်ညွှန်းရန် ဝီကီလိ(ခ်)ကို ရှာဖွေခဲ့ကြပြီး သံတမန်ကြိုးများကို ၁၉၈၉ ဧပြီ ၁၉မှစ၍ ၁၉၉၀ မတ် ၂၆အထိ ဆန္ဒပြမှုများကို မှတ်တမ်းစင်တစ်ခုအဖြစ် စုစည်းခဲ့ကြသည်။
မော်(လ်)ဒိုက်(ဗ်)မှ လိင်တူချစ်သူ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့သူသည် ပြန်အလာတွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရခြင်း
ရှရီးယားဥပဒေအရ လိင်တူချင်း ချစ်ကြိုက်ခြင်း၊ ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် လက်မထပ်ဘဲ အတူနေခြင်းအားလုံးသည် မော်(လ်)ဒိုက်(ဗ်)တွင် တရားမဝင်ပေ။ လိင်တူချစ်သူများအား ဖမ်းဆီးဖိနှိပ်သည့် အမှုများလည်း များစွာရှိခဲ့သည်။ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မူအက်(ဇ်)က ဘာသာရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရဖြစ်စေ နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မော်(လ်)ဒိုက်(ဗ်)လူမျိုးများသည် ပြန်လာခဲ့လျှင် ဖမ်းဆီးဖိနှပ်ခြင်း ခံရမည်မှာ သေချာကြောင်းကို လတ်တလော ပြောဆိုထားသည်။ ထိုမှတ်ချက်သည် နယူးဇီလန်နိုင်ငံရှိ နိုင်ငံရေးခိုလှုံခွင့်ရသူ လိင်တူချစ်သူ မော်(လ်)ဒိုက်(ဗ်)လူမျိုးတစ်ဦးဖြစ်သည့် အီဘရာဟင် နိမ်းက ဆုရမိန်းမလျာဖြစ်လာပြီးနောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ မော်(လ်)ဒိုက်(ဗ်)ရှိ တကာဥပါ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သည့် ဟီလတ်(သ်)သည် ၄င်း၏ လိင်တိမ်းညွတ်မှုအား ပွင့်လင်းစွာပြောဆိုခြင်းကြောင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် သီရိလင်္ကာတွင် တိမ်းရှောင် နေထိုင်လျက်ရှိသည်။...
တာဂျစ်ကစ္စတန်ရှိ လိင်တူချစ်သူများအတွက် “အသေးစား အောင်မြင်မှု” ဖြစ်သော မင်္ဂလာဆောင်
တာဂျစ်ကစ္စတန်မှာ ပထမဆုံး ကိန်းကြီးခန်းကြီးမနိုင်တဲ့ လိင်တူချစ်သူလက်ထပ်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ တာဂျစ်လူမျိုး တော်တော်များများကတော့ အဲဒီလက်ထပ်ပွဲက "အနောက်နိုင်ငံတွေရဲ့ ဝါဒဖြန့်ခြင်း"လို့ ယူဆပြီး မကျေနပ်ကြပါဘူး။
ထိုင်းအာဏာသိမ်းခြင်းအား ဆန္ဒပြသူများက Hunger Gamesမှနေ၍ စိတ်အင်အားရယူခြင်း
ဆန္ဒပြခြင်းကို ပိတ်ထားလား။ ထိုင်းက အာဏာသိမ်းတာကို ဆန္ဒပြသူတွေအတွက်တော့ ပြဿနာမရှိလှဘူး။ သူတို့တွေက Hunger Games သင်္ကေတကို အတုယူခဲ့ပြီး တချို့တွေက အများပြည်သူပိုင်နေရာတွေမှာ "စာဖတ်ပြီး" ဆန္ဒပြခဲ့ကြတယ်လေ.