သတင်းဆောင်းပါးများ လူ့အခွင့်အရေး from နိုဝင်ဘာ, 2012
ဆန္ဒပြနေသော မိခင်များအား တူရကီရဲအရာရှိများကမျက်ရည်ယိုဗုံးများဖြင့် အသုံးပြုတိုက်ခိုက်
ကာဒစ်(ရှ်) နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ သပိတ်မှောက်မှုက ၅၅ရက်တိုင် ကြာမြင့်ခဲ့ပါပြီ။ တူရကီနိုင်ငံမှာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံ သပိတ်မှောက်ခဲ့ကြပြီး အဲဒီလို ဆန္ဒပြမှုက ဥရောပတိုက်တစ်ဝန်းနဲ့ အထူးသဖြင့် တူရကီနိုင်ငံမှာ စုပေါင်းဆန္ဒထုတ်ဖော်မှုတွေဆီ ဦးတည်ခဲ့ပါတယ်။ မနေ့က [နိုဝင်ဘာ၄၊၂၀၁၂] မနက်ပိုင်းမှာ အကျဉ်းသားအချို့ရဲ့ အမေတွေ လာရောက်စုဝေးပြီး ဆန္ဒထုတ်ဖော်နေခဲ့တာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတာခံခဲ့ရသလိုရေသံဗူးများနဲ့ သူတို့အပေါ် တိုက်ရိုက်ပက်ဖျန်းခြင်းလည်း ခံခဲ့ရပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကာ့(ဒ်)လူမျိုးတွေက သူတို့ရဲ့ လှုပ်ရှားမှုအရေးကို လူတွေတိတ်ဆိတ်နေကြတာနဲ့ ဆန့်ကျင်ပြီး ထုတ်ဖော်ြပောဆိုခဲ့ကြပါတယ်။