အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

· နိုဝင်ဘာ, 2012

သတင်းဆောင်းပါးများ ဘေးအန္တရာယ် from နိုဝင်ဘာ, 2012

မော်​ရီ​တေး​နီး​ယား၊ မြေ​ပြို​မှု​ကြောင့် လူ​ပေါင်း​များ​စွာ အိမ်​ခြေရာ​မဲ့​ဖြစ်

အခု​တ​လော မိုး​သည်းထန်​စွာ​ရွာ​သွန်း​မှု​ကြောင့် ဖြစ်ပွား​ခဲ့​တဲ့ မြေ​ပြို​မှု​တွေ​ကြောင့် မော်​ရီ​တေး​နီး​ယား​ဒေသ​တွေ​မှာ ရာ​နဲ့​ချီ​တဲ့ မိသား​စု​တွေ​ဟာ ဇူလိုင်​လ အကုန်​က အိမ်​ခြေရာ​မဲ့​ဖြစ်​ခဲ့​ပါ​တယ်။ မြေ​ပြို​မှု​ကြောင့် မြို့သူ​မြို့​သား​တွေ​ရဲ့ အိုး​အိမ်​တွေ ပျက်စီး​ပြီး​နောက်​မှာ ကာ​အယ်​ဒီ (မော်​ရီ​တေး​နီး​ယား တောင်​ဘက်)၊ မက်(ခ်)တာ​အာ လာ​ဂျာ​နှင့် အလက်(ဂ်) (မော်​ရီ​တေး​နီး​ယား အလယ်​ပိုင်း) နဲ့ နေ​မာ (မော်​ရီ​တေး​နီး​ယား အရှေ့​ပိုင်း)မှာ​ရှိ​တဲ့ ရာ​နဲ့​ချီ​တဲ့ အိမ်ထောင်​စု​တွေ​ဟာ အိမ်​အမိုး​တွေ မ​ရှိ​တော့​ဘဲ အိမ်ရာ ဆုံးရှုံး​ခဲ့​ရ​ပါ​တယ်။ အာ​မက် ဂျယ်​ဒို​က ဘာ​တွေ​ဖြစ်​ခဲ့​တာ​လဲဆို​တာ​နဲ့ ပြောဆို​ကြ​တာ​တွေ​ကို စုစည်း​တင်ပြ​ထား​တာ​ပါ။