သတင်းဆောင်းပါးများ ဒစ်ဂျစ်တက်တက်ကြွလှုပ်ရှားမှု from စက်တင်ဘာ, 2012
ဂျော်ဒန်၊ လွှတ်တော်က အင်တာနက် ကန့်သတ်ချက်များကို အတည်ပြုလိုက်၍ ညည်းတွားမြည်တွန်သောနေ့
ဒီနေ့[၂၀၁၂၊ စက်တင်ဘာ (၁၂)ရက်နေ့]မှာ အင်တာနက်လွတ်လပ်ခွင့်သေဆုံးတာကို ဝမ်းနည်းကြောင်း ထုတ်ဖော်ဖို့ လွှတ်တော်အပြင်ဘက်မှာ ဈာပနာအခမ်းအနားအတုတစ်ခုကို ဂျော်ဒန်လူမျိုး ကွန်ယက်နိုင်ငံသားတွေက ကျင်းပခဲ့ပါတယ်။ လွှတ်တော်ထဲမှာတော့ ကိုယ်စားလှယ်တွေက လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ရပ်တန့်ပစ်မယ့် ပုံနှိပ်ထုတ်ဝေရေးဥပဒေအသစ်ကို အတည်ပြုလိုက်ပါတယ်။
ဖိလစ်ပိုင်၊ နိုင်ငံတကာပျောက်ဆုံးသူများနေ့အတွက် ဖေ့(စ်)ဘွတ်(ခ်)မှဓာတ်ပုံများ ဖြုတ်ချ
"စစ်အာဏာသိမ်းချိန်မှ ယနေ့အချိန်ထိ တရားမျှတမှုကို တစိုက်မတ်မတ်ရှာဖွေနေကြသော ပျောက်ဆုံးသူများ၏ မိတ်ဆွေများ၊ မိသားစုများနှင့် တညီတညွတ်တည်းဖြစ်ကြောင်း ဖော်ထုတ်ပြသနိုင်ဖို့ လာမည့် သြဂုတ် ၃၀ရက်နေ့တွင် မိမိတို့ဖေ့(စ်)ဘွတ်(ခ်)မှ ဓာတ်ပုံကို ဖြုတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။"
ဘရာဇီး၊ (၁၃)နှစ်သမီးက ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ကျောင်းမှ ပြဿနာများကို ထုတ်ဖော်
ဘရာဇီးနိုင်ငံ ဆန်တာ ကာတာရီနာမြို့က (၁၃)နှစ်သမီး အီဆာဒိုရာ ဖေဘာဖန်တီးထားတဲ့ ဒီယာရီအို ဒယ် ကလယ်စီ [pt]လို့ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာက ကြိုက်သူပေါင်း (၁၇၆၀၀၀) ရရှိသွားပါပြီ။ အစိုးရကျောင်းတွေရဲ့ အမှန်တရားကို ထုတ်ပြဖို့ ရည်ရွယ်ပြီး အီဆာဒိုရာက သူ့ကျောင်းမှာ ပြင်ဖို့လိုတဲ့ နေရာတွေနဲ့ တခြားအထွေထွေပြဿနာတွေအကြောင်း သတင်းပို့ခဲ့ပါတယ်။
ယီမင်၊ လုံခြုံသောလမ်းများ လှုပ်ရှားမှု၏ ပထမဆုံး စာအုပ်
ယီမင်လူမျိုးတွေရဲ့ လမ်းပေါ်က အနှောင့်အယှက်တွေကို ဆန့်ကျင်တဲ့ လုံခြုံသောလမ်းများ လှုပ်ရှားမှုက သူတို့ရဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာပေါ်မှာ နိုင်ငံတွင်းမှာ လိင်အကြမ်းဖက်နှောင့်ယှက်မှုတွေကို တားဆီးဖို့ စာအုပ်အသစ်တစ်အုပ်ထုတ်တဲ့အကြောင်းကို တင်ထားပါတယ်။
တောင်ကိုရီးယား၊ အငြင်းပွားဖွယ် အွန်လိုင်းတေးဂီတဗီဒီယို သတ်မှတ်ချက်စနစ် စတင်
တောင်ကိုးရီးယား အာဏာပိုင်များက အွန်လိုင်းပေါ်တင်တဲ့ ဂီတဗီဒီယိုတွေအတွက် အဆင့်သတ်မှတ်ချက် စနစ်အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီဥပဒေအသစ်က ဂီတဗီဒီယိုတိုင်း (ဒါမှမဟုတ် အရောင်းမြှင့်တင်ရေး ဗီဒီယိုတိုင်း)နဲ့ ရုပ်ရှင်ထွေလာတွေကိုတောင် မတင်ခင် အဆင့်သတ်မှတ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ်နှစ်နှစ် ဒါမှမဟုတ် အတော်ကြီးတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရနိုင်ပါတယ်။