သတင်းဆောင်းပါးများ ပြည်သူသတင်း from စက်တင်ဘာ, 2012
ဂျော်ဒန်၊ လွှတ်တော်က အင်တာနက် ကန့်သတ်ချက်များကို အတည်ပြုလိုက်၍ ညည်းတွားမြည်တွန်သောနေ့
ဒီနေ့[၂၀၁၂၊ စက်တင်ဘာ (၁၂)ရက်နေ့]မှာ အင်တာနက်လွတ်လပ်ခွင့်သေဆုံးတာကို ဝမ်းနည်းကြောင်း ထုတ်ဖော်ဖို့ လွှတ်တော်အပြင်ဘက်မှာ ဈာပနာအခမ်းအနားအတုတစ်ခုကို ဂျော်ဒန်လူမျိုး ကွန်ယက်နိုင်ငံသားတွေက ကျင်းပခဲ့ပါတယ်။ လွှတ်တော်ထဲမှာတော့ ကိုယ်စားလှယ်တွေက လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ရပ်တန့်ပစ်မယ့် ပုံနှိပ်ထုတ်ဝေရေးဥပဒေအသစ်ကို အတည်ပြုလိုက်ပါတယ်။
လစ်ဗျား၊ စိတ်မကောင်းပါဘူး ခရစ်(စ်)ရယ် ၊ ဘန်ဟာဇီက မင်းကို အကာအကွယ် မပေးနိုင်ခဲ့ဘူး
သံတမန် ခရစ္စတိုဖာ စတီဗင်(စ်)အပါအဝင် အမေရိကန်လူမျိုး လေးယောက်အသတ်ခံရတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအတိုက်ခံရတဲ့အပေါ်မှာ ဆန္ဒပြဖို့ စက်တင်ဘာ (၁၂)ရက်နေ့က ဘန်ဟာဇီက အယ်(လ်)ရှာဂျာရာ ရင်ပြင်မှာ လစ်ဗျားလူမျိုး လူတစ်စု စုရုံးခဲ့ကြပါတယ်။
တရုတ်၏ အာဖရိကမူဝါဒ ကျဆုံးပြီလော
တရုတ်သတ္တုတွင်းသူဌေးက လုပ်သားတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်ဆိုတဲ့ သတင်းက တရုတ်နက်တီဇင်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားခဲ့တဲ့အပြင် နှစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်ငန်းအခြေအနေတွေကို နှိုင်းယှဉ်ပြီး အာဖရိကအပေါ်ထားတဲ့ တရုတ်ရဲ့ "ဖွံ့ဖြိုးရေးအကူအညီ သံခင်းတမန်ခင်း" မူဝါဒကို မေးခွန်းထုတ်ဖို့ သတိပေးခဲ့ပါတယ်။
အီရန်အမျိုးသမီးများ၊ ၁၉၇၉ကစသော ဟီဂျပ်ခေါင်းဆောင်း မဆောင်းမနေရဥပဒေကို ဆန့်ကျင်ခြင်း
အီရန်မှာ ခေါင်းဆောင်းတွေ မဝတ်မနေရဝတ်ရတာကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ အီရန်ကျောင်းသားတွေရဲ့ ဖေ့(စ်)ဘွတ်(ခ်)လှုပ်ရှားမှု့ကို လူပေါင်း (၂၆၀၀၀)ကျော်က ဆက်သွယ်ပါဝင်ကြပါတယ်။ အီရန်အမျိုးသမီးတွေ ဆန္ဒပြလာတာ ဆယ်စုနှစ်သုံးခုရှိပါပြီ၊ ဒါပေမဲ့ လူမြင်ကွင်းမှာ လုံခြုံရေးအင်အားတွေက အရှက်ရအောင် ထိန်းသိမ်းတာ ခံနေရတုန်းပါပဲ။