အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းဆောင်းပါးများ ပြည်သူသတင်း

ဗင်​နီ​ဇွဲ​လား ဝိသေသ​ရှိ​သည့် ဖော်​ပြ​ချက်​များ​အား အင်္ဂလိပ်​လို ပုံဖော်​ဘာသာ​ပြန်​ခြင်း

ဒေစီပက်တွန်က ရိုးရာ​စကားပုံ​တွေ​ကို ဗင်​နီ​ဇွဲ​လား​ဟာ​သ​နဲ့ အရောင်​တွေ ထုံ​မွှမ်း​ပြီး ပြန်ဆို​ပုံဖော်​ခဲ့​ပါ​တယ်။ ပေါ့​ပေါ့ပါး​ပါး​စကား​အသုံး​အနှုန်း​များ​ကို ယဉ်ကျေး​မှု​တစ်​ခု​မှ တစ်​ခု​နားလည်​နိုင်​စေ​ရန် ရည်​ရွယ်​ချက်​ဖြင့် ပြန်ဆို​ခဲ့​ခြင်း​ဖြစ်​သည်။

11 ဇွန် 2014

ဆူ​ရီ​နိမ်း၊ စိတ်​အင်အား​၏ မျက်နှာများ

ပြ​ပွဲ​တွေ​မှာ ကိုယ့်​ကိုယ်​ကိုယ် အမြဲ​မေး​လေ့​ရှိ​တယ်။ နေရာ ဒါ​မှ​မဟုတ် ပတ်ဝန်းကျင်​က ကိုယ့်​ရဲ့ သိမှတ်​သညာ​ကို ဘယ်​အတိုင်း​အတာ​အထိ လွှမ်းမိုး​နိုင်​လဲဆို​ပြီး​တော့​ပေါ့။ ဆရာနန်အနုပညာ ဘ​လော့(ဂ်)သည် အနု​ပညာ​ပြ​ပွဲ​တစ်​ခု​ဖြစ်​သည့် “ကိုးကွယ်​ယုံကြည်​မှု၊ အလေ့​အထ​များ​နှင့် သေ​ခြင်း​တရား​နှင့် ပတ်သက်​သော”ကို တက်​ရောက်​ခဲ့​သည်။

10 ဇွန် 2014

တက္ကသိုလ်​ကျောင်းသား​တစ်​ဦး မိမိ​ကိုယ်​ကိုယ် သေ​ကြောင်း​ကြံစည်​မည့် မှတ်စု​တစ်​ခု ဖေ့စ်​ဘုတ်ခ်​တွင်​တင်၊ သူငယ်ချင်း​များ​က အချိန်မီ မ​ကယ်ဆယ်​နိုင်​ခဲ့

မိမိ​ကိုယ်⁠ကိုယ်​သေ​ကြောင်း​ကြံစည်​မှု​သည် ဘင်္ဂ​လား​ဒေ့ရှ်​တွင် ကာလ​ရှည်​ကြာ​ရှိ​ခဲ့​သော လူ​မှု​ပြသ​နာ​တစ်​ခု ဖြစ်​ကာ ကမ္ဘာ​တစ်​ဝှမ်း​မှ တင်ပြ​ချက်​များ​အရ နှစ်စဉ်​သေဆုံး​မှု​၏ ၂.၀​၆ ရာ​ခိုင်​နှုန်းရှိ​သည်။ ဒါ​ကာ​တက္ကသိုလ်​မှ ကျောင်းသား​တစ်​ဦး​ဖြစ်​သူ မာ​ဘဘ်​ရှ​ဟာန်း​က မိမိ​ကိုယ်​ကို သေ​ကြောင်း​ကြံစည်​မည့်​ပို့စ်​တစ်​ခုကို ၂​၀​၁​၄ ဇွန်​လ ၂ ရက်၊ ည ၇ နာရီ ၈ မိ​နစ်​တွင်​တင်​ခဲ့​သည်။ သူ​ရေး​ခဲ့​သည်မှာ - I am lying on...

9 ဇွန် 2014

တာ​ဂျစ်​ကစ္စ​တန်​ရှိ လိင်​တူ​ချစ်​သူ​များ​အတွက် “အသေးစား အောင်မြင်​မှု” ဖြစ်သော မင်္ဂလာဆောင်

တာ​ဂျစ်​ကစ္စ​တန်​မှာ ပထမ​ဆုံး ကိန်း​ကြီး​ခန်း​ကြီး​မ​နိုင်​တဲ့ လိင်​တူ​ချစ်​သူ​လက်ထပ်​ပွဲ​တစ်​ခု​ကို ကျင်းပ​ခဲ့​ပါ​တယ်။ တာ​ဂျစ်​လူ​မျိုး တော်တော်​များ⁠များ​ကတော့ အဲ​ဒီ​လက်ထပ်​ပွဲ​က "အနောက်​နိုင်ငံ​တွေ​ရဲ့ ဝါဒ​ဖြန့်​ခြင်း"လို့ ယူဆ​ပြီး မ​ကျေနပ်​ကြ​ပါ​ဘူး။

9 ဇွန် 2014

ဂျ​မေ​ကာ၊ သိပ္ပံ မိန်း​က​လေးများ

သခွားသီးဖျော်ရည် (ဟုခေါ်သည့် ဘလော့(ဂ်))မှ ဘလော့(ဂ်)ရေးသူ မိန်းကလေး)က သူ့အထက်တန်းကျောင်းဟောင်းမှ သိပ္ပံဓာတ်ခွဲခန်းအား အဆင့်မြှင့်တင်ရန်အတွက် ငွေကြေးရှာဖွေရန် အဘယ်ကြောင့် အရေးကြီးကြောင်းကို ရှင်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူ့ကိုယ်သူယုံကြည်မှုရှိစေရန် လေ့လာခဲ့သော နေရာကြောင့်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှန်စင်စစ် လေ့လာသင်ယူခြင်းသည် ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “မိန်းကလေးများသည်လည်း သိပ္ပံပညာရှင်များဖြစ်နိုင်ကြောင်းကို နားလည်ရန်” လိုအပ်သောကြောင့်ဖြစ်သည်။  

9 ဇွန် 2014

တရုတ်၊ ကီး​ဘုတ် စူ​ပါ​မင်း​နှင့် အဲန်​ဂ​ရီး လူ​ငယ်​များ ၂.၀

အွန်လိုင်းတွင် ပြစ်တင်ရှုံ့ချသည့် အကြိမ်ပေါင်းများစွားရှိခဲ့သော်လည်း တရုတ်ပြည်ရှိ ဘေးထိုင်သူများသည် အဘယ်ကြောင့် ထူးခြားလာခြင်းမရှိသည်ကို OffbeatChina က မေးခွန်းထုတ်ခဲ့သည်။ အဖြေရှာရန်အတွက် ထိုဘလော့(ဂ်)ရေးသူသည် ကီးဘုတ်စူပါမင်းနှင့် အဲန်ဂရီး လူငယ် ၂.၀တို့၏ လက္ခဏာများကို လေ့လာခဲ့သည်။

8 ဇွန် 2014

တရုတ်​ပြည်​တွင် အစိုးရ ဗျူ​ရို​က​ရက်​တစ်​ဦး ဖြစ်​လို​လျှင်

ဂွမ်ဒေါင်ရှိ မြို့တစ်မြို့ဖြစ်သော ဖိုရှမ်းတွင် အစိုးရ၏ နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုဌာနအတွက် အလုပ်လုပ်ရန် နိုင်ငံခြားသာလေးဦးအား လတ်တလောခန့်ထားလိုက်သည်။ ထိုပြည်တွင်းသတင်းအား nanfang.com မှာ ချာလီလျိုက စုစည်းတင်ဆက်ထားသည်။

7 ဇွန် 2014

ထိုင်း​အာဏာ​သိမ်း​ခြင်း​အား ဆန္ဒ​ပြ​သူ​များ​က Hunger Gamesမှ​နေ​၍ စိတ်​အင်အား​ရ​ယူ​ခြင်း

ဆန္ဒ​ပြ​ခြင်း​ကို ပိတ်​ထား​လား။ ထိုင်း​က အာဏာ​သိမ်း​တာ​ကို ဆန္ဒ​ပြ​သူ​တွေ​အတွက်​တော့ ပြဿနာ​မ​ရှိ​လှ​ဘူး။ သူ​တို့​တွေ​က Hunger Games သင်္ကေတ​ကို အတု​ယူခဲ့​ပြီး တချို့​တွေ​က အများ​ပြည်​သူ​ပိုင်​နေရာ​တွေ​မှာ "စာ​ဖတ်​ပြီး" ဆန္ဒ​ပြ​ခဲ့​ကြ​တယ်​လေ.

7 ဇွန် 2014

မ​ဒ​ဂါ​စကား​မှာ လည်​ချင်​တာ​လား

အများ​ပြည်​သူ​သုံး​ယာဉ်​များ​နှင့် သွား​လာ​လည်ပတ်​ရန်​မှာ အခက်​အခဲ​တစ်​ခု​ဖြစ်​နိုင်​သည်။ နိုင်ငံ​၏ လမ်းပန်း​ဆက်​သွယ်​ရေးအနေအထား​မှာ​လည်း အိုမင်း​ဟောင်းနွမ်းနေ​ပြီး အများ​ပြည်​သူ​သုံး​ယာဉ်​များ​ဟူ၍ အလွန်အမင်း​ပြည့်​ကျပ်​နေ​သော ဘတ်(စ်)ကား​များ​နှင့် ဗဲန်​ကား​အသေး​စား​များ​သာ​ရှိ​သည်။

29 ဧပြီ 2014