အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းဆောင်းပါးများ ပြည်သူသတင်း

အိန္ဒိယ: အာသံ အဓိကရုဏ်း – အခြေနေအမှန် နှင့် ပုံကြီးချဲ့မှု

ဇူလိုင်လက အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း ဒေသခံဘိုဒိုမျိုးနွယ်စုများနဲ့ လာရောက်အခြေချနေထိုင်သူ မွတ်ဆလင်တို့ရဲ့ ပဋိပက္ခဟာ အဓိကရုဏ်းတွေ၊ သတ်ဖြတ်တာတွေနဲ့ လူအများအပြားအိမ်ခြေရွှေ့ပြောင်းခြင်းတို့ဆီကို ဦးတည်သွားပါတယ်။ ရဲအဖွဲ့က ရာနဲ့ချီတဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ရာနဲ့ချီတဲ့ တိုင်တန်းမှုတွေကိုလည်း လက်ခံခဲ့တယ်လို့ဆိုပေမဲ့ တစ်လနီးပါးခန့် ကြာပြီးနောက်မှာ အခြေအနေများတွေဟာ မတည်ငြိမ်နိုင်သေးလို့ ဆိုပါတယ်။

ယီမင်၊ လုံခြုံသောလမ်းများ လှုပ်ရှားမှု၏ ပထမဆုံး စာအုပ်

ယီမင်လူမျိုးတွေရဲ့ လမ်းပေါ်က အနှောင့်အယှက်တွေကို ဆန့်ကျင်တဲ့ လုံခြုံသောလမ်းများ လှုပ်ရှားမှုက သူတို့ရဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာပေါ်မှာ နိုင်ငံတွင်းမှာ လိင်အကြမ်းဖက်နှောင့်ယှက်မှုတွေကို တားဆီးဖို့ စာအုပ်အသစ်တစ်အုပ်ထုတ်တဲ့အကြောင်းကို တင်ထားပါတယ်။

ထိုင်း၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံမှ မင်္ဂလာဆောင်ကြေး ရဲများတောင်းခံ

ထူးချစ်က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ ထိုင်းရဲတွေက တရားမဝင် မင်္ဂလာဆောင်ကြေး ကောက်ခံတဲ့အကြောင်းကို ရေးသွားပါတယ်။

တောင်​ကို​ရီး​ယား၊ အငြင်း​ပွား​ဖွယ် အွန်​လိုင်း​တေး​ဂီ​တ​ဗီ​ဒီ​ယို သတ်​မှတ်ချက်​စနစ် စတင်

တောင်ကိုးရီးယား အာဏာပိုင်များက အွန်လိုင်းပေါ်တင်တဲ့ ဂီတဗီဒီယိုတွေအတွက် အဆင့်သတ်မှတ်ချက် စနစ်အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီဥပဒေအသစ်က ဂီတဗီဒီယိုတိုင်း (ဒါမှမဟုတ် အရောင်းမြှင့်တင်ရေး ဗီဒီယိုတိုင်း)နဲ့ ရုပ်ရှင်ထွေလာတွေကိုတောင် မတင်ခင် အဆင့်သတ်မှတ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ်နှစ်နှစ် ဒါမှမဟုတ် အတော်ကြီးတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရနိုင်ပါတယ်။

ပူစီ ရိုင်းရတ်(ထ်) အားရုံးထုတ်စဉ်အတွင်း စစ်တုရင်မာစတာ ဂယ်ရီ ကက်စပါရော့၏ အဖမ်းခံရမှု

မီဒီယာများ၌ ပြည့်နှက်နေသော ပူစီ ရိုင်းရတ်(ထ်) ခုံရုံးထုတ်မှုဆိုသည်ထက် ပိုပြီးအံ့အားသင့်စရာ ဖြစ်ခဲ့ရသည်ဆိုလျှင် ဘုရားရှိခိုးကျောင်းတစ်ခု၌ "ပန့်ခ် ဆုတောင်းသူ" အနုပညာတင်ဆက်မှု တရားမဝင် ပြုလုပ်ခဲ့သော အမျိုးသမီးသုံးရောက်အား ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည့် သြဂုတ် ၁၇ ရက်နေ့ အမှုကြားနာနေစဉ်အတွင်း ထိုအမှုကြားနာခြင်းသို့တက်ရောက်ခဲ့သူ ကော့ကေးရှန်းဖွား စစ်တုရင် မာစတာဟောင်း ဂယ်ရီ...

ဟော​လိ​ဝု(ဒ်)​၏ အနာဂတ်​ရန်သူ​များ၊ မြောက်​ကို​ရီး​ယား​နှ​င့် တရုတ်

မြောက်ကိုရီးယား နည်းပညာဘလော့(ဂ်)က “တရုတ်ပြည်ကို သိက္ခာချတဲ့ စစ်အေးတိုက်ပွဲရုပ်ရှင်ကို ပြန်ရိုက်ကူးခြင်း”လို့ တရုတ်မီဒီယာတွေအနေနဲ့ ကြေညာထားတဲ့ ဟောလိဝု(ဒ်)ရုပ်ရှင်ရဲ့ ကြိုထွက်လာတဲ့ ဇာတ်ညွှန်းတွေနဲ့ ဓာတ်ပုံတွေအကြောင်း ရေးသားခဲ့ပါတယ်။

တရုတ်၊ အမေ​ရိ​ကန်​ပြည်ထောင်​စု၊ တရုတ်​နှင့် အမေ​ရိ​က စား​သုံး​သူ​များ​အကြား​မှ ကွက်လပ်

အမျိုးသားလက်ဖက်ရွက် (ဘလော့(ဂ်)အမည်) ရဲ့ ဒေးဗစ် ဝါတိုင်း(မ်) က တရုတ်နဲ့ အမေရိက စားသုံးသူတွေရဲ့ကြားက ကြီးမားတဲ့ ကွာခြားချက်အကြောင်း ပြောပြတဲ့ သတင်းရုပ်ပုံကားတစ်ခုကို ဘာသာပြန်ခဲ့[en]ပါတယ်။

ဘူ​တန်၊ လျှံ​ပယ်​လာ​သော အမျိုးသမီး​တို့၏ ပါရမီ

ဘူတန်ဘလော့(ဂ်)ရဲ့ စာရေးသူများအဖွဲ့က တန်ဇီနီအက်(စ်)တက ဘူတန်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ လတ်တလောအောင်မြင်မှုတွေကို အောင်ပွဲခံခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အမျိုးသမီး ဒဇွန်ဒါ (အုပ်ချုပ်သူ)တစ်ယောက်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီးတော့ ဘူတန်တရားရုံးချုပ်မှာလည်း အသစ်ခန့်အပ်ထားတဲ့ အမျိုးသမီး တရားသူကြီးတစ်ယောက် ရှိနေပါတယ်။ ဘူတန်ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို အမျိုးသမီးတစ်ယောက်က ဦးဆောင်နေပါတယ်။ ပြီးတော့ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ ဘူတန်ကို...

ကမ္ဘောဒီးယား၊ အယ်(လ်)ဂျီ​ဘီ​တီ အခွင့်အရေး မြှင့်​တင်​ခြင်း

နေဟိ(ခ်) ခွန် လိင်တူဆက်ဆံမှု အခွင့်အရေးကို မြှင့်တင်ပေးဖို့ ကမ္ဘောဒီးယားက အဖွဲ့တချို့ရဲ့ အားထုတ်မှုကို ရေးသားခဲ့ပါတယ်။

ကျူး​ဘား၊ ငှက်ဖျား​​ကို ရင်ဆိုင်​ခြင်း

“ငှက်ဖျားရောဂါက ကျွန်တော်တို့နိုင်ငံမှာတော့ ဘ၀ရဲ့ အချက်အလက်တစ်ခု ဖြစ်နေပါပြီ”လို့ အပ်ရဲ့မျက်လုံးမှတစ်ဆင့် (ဘလော့(ဂ်)) က ရှင်းပြထားပါတယ်။